လက်ရှိ ရန်ကုန်နဲ့ မန္တလေး တိုင်းဒေသကြီးမြို့တွေမှာ သုံးစွဲနေတဲ့ CDMA (800MHz) WLL ကြိုးမဲ့အော်တိုဖုန်း ၀၁ ၇၃xxxxxx နဲ့ ၀၂ ၉၁xxxxxx တွေ မိုဘိုင်းဖုန်းကုတ် ပြောင်းလဲပေးမယ့် ရက်ကို ယခင် ကြေညာထားတဲ့ ဖေဖော်ဝါရီ ၁၅ ရက်အစား ဖေဖော်ဝါရီ ၂၀ရက်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရပါတယ်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေနဲ့ ၎င်းဖုန်းတွေကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မိုဘိုင်း ဖုန်းကုတ်ပြောင်း ပေးမယ်လို့ ကြေညာထားခဲ့ပါ။ CDMA (800MHz) WLL (၀၁ ၇၃xxxxxx) နဲ့ (၀၂ ၉၁xxxxxx) ဖုန်း သုံးစွဲသူတွေအနေနဲ့ ၀၁/၀၂ ဧရိယာ ကုတ်ကနေ ၀၉ မိုဘိုင်းကုတ် ပြောင်းလဲသွားပါက ဂျီအက်စ်အမ်၊ စီဒီအမ်အေ(450MHz) မိုဘိုင်းဖုန်းတွေလို ခေါ်ဆိုမှုကိုပါ ပြောင်းလဲပေးရမှာ ဖြစ်တယ်လို့ ဆိုတယ်။ ခေါ်ဆိုမှု ပြောင်းလဲသွားတယ် ဆိုရာမှာလည်း လက်ရှိ မိုဘိုင်းဖုန်းတွေလို မိုဘိုင်းဖုန်း အချင်းချင်း ခေါ်ဆိုတဲ့အခါ ၀၉ ခံခေါ်ဖို့ မလိုတော့သလို အော်တိုဖုန်း တွေကိုခေါ်တဲ့အခါ သက်ဆိုင်ရာ ဧရိယာကုတ် (ဥပမာ - ၀၁ ၅၁xxxx ၊ ၀၂ ၇၈xxx) ခံပြီးမှ ခေါ်ဆိုရမှာ ဖြစ်တယ်။ မိုဘိုင်းဖုန်းကုတ် ၀၉ အဖြစ် ပြောင်းလဲသွားတဲ့အခါ ဖုန်းခေါ်ဆိုခ နှုန်းထားတွေကို မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထား အတိုင်း ပြောင်းလဲ ကောက်ခံမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment