YMBG ရဲ့ Webpage နဲ့  Group Chat Room တို့ ကိုတည်ထောင်တာ မည်သည့်မက်မောမှုမှ မပါရှိဟု အဖွဲ့ ခေါင်းဆောင် သုဇေရှိုင်း ဆို.............
မင်္ဂလာပါရှင် အခုဆိုရင် ကျွန်မတို့  Songs & World Entertainment မှ လက်ရှိပရိသတ်များအကြားမှာ သတင်းထွက်ရှိနေတဲ့ YMBG Online Performance Group (အွန်လိုင်းဖျော်ဖြေရေး) အဖွဲ့ နှင့် တွေ့ ဆုံမေး
မြန်းမှာဖြစ်ပါတယ်ရှင် ။
မေးမြန်းသူ ။ ။ မင်္ဂလာပါ မောင်လေးသုဇေရှိုင်း ။
သုဇေရှိုင်း ။ ။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ ။
မေးမြန်းသူ ။ ။ အမတို့  Songs & World Entertainment Group ကနေ အခုပရိသတ်အကြားမှာ ရေပန်း
အစားဆုံးဖြစ်တဲ့ မောင်လေးတို့ အဖွဲ့ လေးရယ် ပြီးတော့ ခုမောင်လေးတို့ အဖွဲ့ အတွက်
ထွက်ရှိနေတဲ့ ကောလဟာလသတင်းတွေရယ်ကို အတိအကျသိရဖို့ အတွက် မေးမြန်းမှာ
ဖြစ်ပါတယ်မောင်လေး ။
သုဇေရှိုင်း ။ ။ ဟုတ်ကဲ့ ။ ရပါတယ်ခင်ဗျ ။ မေးပါ ။
မေးမြန်းသူ ။ ။ ခုအွန်လိုင်းမှာ နည်းပညာတိုးတက်လာတာနဲ့ အမျှ လူတွေလဲအသိဥာဏ်တွေတိုးပြီး Online
အသုံးပြုကြတဲ့ လူငယ်တော်တော်များများ Webpage တွေကိုတည်ဆောက်လာကြပါတယ်
အဲ့လိုတည်ဆောက်လာတဲ့ထဲမှာ YMBG ကလဲသူ့ လမ်းကြောင်းနဲ့ သူအောင်မြင်မှုလမ်းမပေါ်
ကိုအခြေချနေပြီဖြစ်တာကို အမတို့ သိရပါတယ် ။ ဒီတော့ အခုထွက်ရှိလာတဲ့ကောလဟာလ
က YMBG ဟာ သူ့ ရဲ့ Webpage တွေနဲ့  Chat Room တွေမှာ အခကြေးငွေဆောင်ခိုင်းတာကို
သိရပါတယ်တဲ့ ။ ကောက်ခံရရှိတဲ့အခကြေးငွေတွေကိုလည်း မဟုတ်တဲ့နေရာတွေမှာ အသုံးချ
တယ်လို့ သတင်းတွေထွက်နေပါတယ်မောင်လေး ။
သုဇေရှိုင်း ။ ။ အသင်းအဖွဲ့ အနေနဲ့ မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ တွေခဏ
လောက်မြင်ကြည့်ကြတာပေါ့ ။ လူတစ်ယောက် .... အဲ့ဒီလူတစ်ယောက်ဟာ သူ့ ဘ၀မှာ
အောင်မြင်မှုတွေရရှိဖို့ အတွက် သူနဲ့တန်းတူဖြစ်နေတဲ့လူတွေနဲ့ အတူတူ အောက်ခြေကနေ
စပြီးကြိုးစားရတယ် ။ အဲ့လိုမျိုးအတူတူလုပ်နေတဲ့ကြားထဲမှာ ကိုယ့်ကြိုးစားမှုနဲ့ညီမျှတဲ့
အောင်မြင်မှုကတော့ ရမှာမလွဲမသွေပါဘဲ ။ ပိုကြိုးစားတဲ့လူကပိုမိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ ။
ဒီတော့ ကိုယ့်ထက်မသာလို့ မနာလိုတဲ့လူတွေဆိုတာလည်း လူ့ လောကကြီးမှာ နိယာမ
တစ်ခုလိုပါပဲ ။ ဒီတော့ ကျွန်တော်ဆိုလိုချင်တာက ဘယ်သူတွေဘယ်လိုပဲပြောပြော ၊
ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့  အတွက်ပတ်သက်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သက်လို့ 
ကျွန်တော် ဂရုစိုက်မှာမဟုတ်ပါဘူး ။ ကျွန်တော်လျှောက်လှမ်းနေကျအတိုင်းပဲ ဆက်လက်
လျှောက်လှမ်းနေမှာပဲဖြစ်ပါတယ် ။ ဒီတော့ YMBG ရဲ့ Webpage (http://www.ymbg.net) နဲ့ 
Chat Rooms ( ymbggroup@jaconda.im , ymbg@jaconda.im ) တို့ ကိုကျွန်တော်တည်
ထောင်တာဟာ မည်သည့်မက်မောမှုမှရှိလို့ မဟုတ်ပါဘူး ။ လူတိုင်းလူတိုင်းကို ကျွန်တော်တို့ 
ဖျော်ဖြေမှုအစီအစဉ်တွေကို နားထောင်ရင်း ၊ Chat Room မှာမိတ်ဆွေဖွဲ့ ရင်း အသိပညာ ၊
ဥာဏ်ပညာ တိုးတက်လာစေလိုတဲ့ ဆန္ဒနဲ့ တည်ထောင်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ ။ ဒါကြောင့်
မို့ ယခင်က ကြော်ငြာလက်ခံတဲ့ Bill Board ကိုတောင်မှ ဖြုတ်လိုက်ပါတယ် ။ ကြော်ငြာလုံးဝ
လက်မခံတော့ပဲ ကျွန်တော်တို့ ရဲ့ Partners တွေကိုပဲ ဒီနေရာလေးမှာ ကိုယ်စားပြုအခမဲ့
ကြော်ငြာပေးထားခြင်းဖြစ်ပါတယ်လို့ ပြောကြားပါရစေခင်ဗျာ ။
တွေ့ ဆုံမေးမြန်းသူ ။ ။ နန်းမွန်မွန်ခိုင်
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment