ကျွန်တော်တို့  Y-M-B-G Creator သုဇေရှိုင်း (ခ) သော်ဇင် ရဲ့ တကိုယ်တော် SAMPLE သီချင်းများကိုနားဆင်လိုပါက ဒီနေရာလေးကိုနှိပ်လိုက်ပါရန်
ကျွန်တော်တို့  Y-M-B-G Site လေးရဲ့ Themes အမှန်ကိုမြင်လိုပါက ဒီ Software လေးနဲ့ ကျော်လိုက်နော် လူကြီးမင်းတို့ ရဲ့ Internet Options မှာ 127.0.0.1 Host : 9666 လို့ ရိုက်ထည့်ပြီး ဒီ Software လေးကို Run ပေးရုံနဲ့  Y-M-B-G ရဲ့ Themes အမှန်ကိုမြင်တွေ့ ရမှာပါ ။ ပုံလေးပေါ်ကို နှိပ်လိုက်နော် ။
The Latest Famous Songs [ Y.M.B.G ]
(MOVES LIKE JAGGER) (BABY) (POKER FACE)
တစ်ကမ္ဘာလုံးဆိုင်ရာအန္တရာယ်တစ်ခု(သို့ )Super Bug
Sunday, March 20, 2011
ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်တစ်ခု (သို့) Super Bug
လွန်ခဲ့သော လပိုင်းများမှ စ၍ အင်တာနက် စာမျက်နှာများ ပေါ်တွင် Super Bug (စူပါရောဂါပိုး) ဆိုသော စကားလုံးသစ် တစ်လုံး စတင်ခေတ်စားလာခဲ့ပြီး ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပေါင်းစုံ၏ သတင်းစာ စာမျက်နှာများတွင် ဖော်ပြသတိပေးလာရသည် အထိ ကျယ်ပြန့်လာခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်ရဲ့ မိတ်ဆွေများလည်း သတင်းကောင်း တစ်ပုဒ်ကို ကမ္ဘာနှင့်တပြေးညီ တိကျပြည့်စုံစွာ သိရှိနိုင်စေရန် ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ “အသစ်ပေါ်လာသော စူပါရောဂါပိုးက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ” သတင်းဆောင်းပါးနှင့် တကွ စူပါရောဂါပိုးဆိုင်ရာ အချက်အလက်များကို စုစည်းတင်ပြ ပေးလိုက်ပါသည်။
စူပါရောဂါပိုးဆိုသည်မှာ လက်ရှိကမ္ဘာပေါ်တွင် ရှိရှိသမျှသော ပိုးသတ် ပဋိဇီဝဆေး (antibiotics) များ အားလုံးနီးပါးကို ခံနိုင်ရည်ရှိပြီး ထိုဆေးများနှင့် ထိတွေ့နေသော်လည်း အသက်ဆက်ရှင်သန်နိုင်သော ရောဂါပိုးမွှားများ ဖြစ်ပါသည်။
ရှေးယခင်ကတည်းက စူပါရောဂါပိုးဆိုသော ဝေါဟာရ ရှိနှင့်ပြီး ဖြစ်သော်လည်း ထိုဝေါဟာရသည် ယနေ့ကဲ့သို့ မတွင်ကျယ် သေးသည့်အပြင် ထိုစဉ်က စူပါပိုးများကလည်း ယနေ့ရှိသော ပိုးများလောက် ခံနိုင်ရည် မကောင်းခဲ့ပါ။ ယနေ့ခေတ် အင်တာနက် သတင်းများတွင် အပုဒ်ရေများစွာ အနေဖြင့် ဖော်ပြလာကြသည့် အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ အိန္ဒိယ စသော နိုင်ငံများတွင် တွေ့ရှိလာခဲ့သော စူပါရောဂါပိုး မျိုးစိတ် အသစ်များသည် ရောဂါပေးနိုင်စွမ်း၊ ပဋိဇီဝဆေး ခံနိုင်ရည် ရှိမှု စသည့် အချက်များတွင် လွန်စွာ ထိပ်တန်း ရောက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်။ ထိုပိုးများသည် ကမ္ဘာလှည့် ခရီးသွားများမှ ကမ္ဘာအနှံ့ ပျံ့နှံ့နိုင်သည်ဟု သိရပြီး ကုန်ကျစားရိတ် ပိုမိုသက်သာသော ဇီဝဓာတုလက်နက် (Biochemical Weapon) အဖြစ် အသုံးပြုလာမည်ကိုပင် စိုးရိမ်ရသည်ဟု သုတေသီများက မှတ်ချက်ပြုကြသည်။
ထိုသို့ ဖြစ်ရခြင်းမှာ သဘာဝတရား၏ (Evolutionary Stress) ဟုခေါ်သော ဆင့်ကဲဖြစ်စဉ်ဖြစ်စေရန် ဖိအားပေးမှုကြောင့် ဖြစ်သည်။ ဘက်တီးရီးယားများသည် ပဋိဇီဝဆေးများ၏ သုတ်သင်ခြင်းဆိုသော ဖိအားဒဏ်ကို ခံရသောအခါ ထိုပဋိဇီဝဆေးကို ခံနိုင်ရည် ရှိသော မျိုးဗီဇသွင်ပြင် (Trait) ကို ပြောင်းလဲတည်ဆောက် လိုက်ကြပြီ်း လက်ဆင့်ကမ်း ပေးကြသောကြောင့် စူပါရောဂါပိုးများ ဖြစ်လာကြခြင်းပင် ဖြစ်ပါသည်။ မည်သည့်သတ္တ၀ါ၏ မျိုးရိုးဗီဇ ပုံစံတွင်မဆို မိမိ ရှင်သန်ကျန်ရစ်ရေးအတွက် သဘာဝတရားနှင့် ကိုက်ညီအောင် ရွေးချယ်နေထိုင်မှု (Natural Selection) ရှိခြင်းကြောင့် ဖြစ်ပါသည်။
စူပါပိုးများ ပေါ်လာရခြင်း၏ အဓိကအကြောင်းအရင်းများမှာ လူတို့သည် ပိုးသတ်ဆေးများ သောက်သုံးရာတွင်
(၁) တကယ်မလိုအပ်ဘဲ မိမိသဘောနှင့်မိမိ သောက်သုံးခြင်း
(၂) ဆရာဝန်ညွှန်ကြားချက်ကာလ (Course) ပြည့်အောင် မသောက်ခြင်း၊ ပမာဏ (Dose) ပြည့်အောင် မသောက်ခြင်း
(၃) ဆရာဝန်၏ အမှားကြောင့် ပိုးသတ်ဆေးနှင့် ပိုးအမျိုးအစား ကာလကြာရှည်စွာ လွဲ၍ သောက်သုံးမိနေခြင်း
(၄) လူသားကုဆေးပညာနှင့် တိရိစ္ဆာန်ကုဆေးပညာ နှစ်ခုစလုံးတွင် ပိုးသတ်ဆေးအများစုကို တူညီစွာ အသုံးပြုကြခြင်း
(၅) ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများက သန့်စင်မှု နှင့် အရည်အသွေး မပြည့်မီသော ကုန်ကြမ်းများကို သုံးခြင်း
(၆) တူညီသော ပိုးသတ်ဆေး တစ်မျိုးတည်းကို တူညီသော အ၀န်းအ၀ိုင်းတစ်ခု (ဥပမာ ဆေးရုံ၊ ဒေသ၊ ရပ်ကွက်၊ မြို့နယ် စသည်တို့) တွင် ကာလကြာရှည် စွဲသုံးခြင်း
(၇) ဆပ်ပြာ၊ ပန်းကန်ဆေးရည် စသော အိမ်သုံးပစ္စည်းများတွင် မလိုအပ်ဘဲ ပိုးသတ်ဆေးများ ထည့်သွင်း အသုံးပြုခြင်း
စသည်တို့ကြောင့် အဓိက ဖြစ်ရသည်ဟု ပညာရှင်များက တွေ့ရှိထားကြသည်။ လက်ရှိတွေ့ရှိထားသော စူပါရောဂါပိုး မျိုးစိတ်များမှာ
1. Staphylococcus aureus (methicillin-resistant Staphylococcus aureus , MRSA)
2. Streptococcus pyogenes
3. Streptococcus pneumoniae
4. Pseudomonas aeruginosa
5. Clostridium difficile
6. Salmonella
7. E. coli
8. Acinetobacter baumannii
စသည်တို့ ဖြစ်သည်။
ဆက်လက်၍ ယခုလ ၁၈ ရက်နေ့ထုတ် Moscow Time သတင်းစာပါ သတင်းဆောင်းပါးကို ဆက်လက် ဖတ်ရှုနိုင်ပါသည်။
“ပေါ်ထွန်းလာသော စူပါရောဂါပိုးများက ကမ္ဘာကြီးကိုခြိမ်းခြောက်လျက်ရှိ”
မော်စကို၊ သြဂုတ် ၁၈
ကမ္ဘာ့သတင်း မီဒီယာများတွင် ခရီးသွားခြင်းများမှ ကူးစက်ပျံ့နှံ့နိုင်သော အသစ် ပေါ်ပေါက်လာသော စူပါရောဂါပိုးများ အကြောင်း တွင်တွင်ကျယ်ကျယ် ဖော်ပြလာချိန်တွင် ထိုပိုးများကို နိုင်နင်းသော ဆေးများ လတ်တလော မရှိသေးဟု ဆေးသိပ္ပံပညာရှင်များက ဖော်ထုတ်ပြောဆိုခဲ့သည်။
လက်ရှိ ကမ္ဘာ့အစွမ်းအထက်ဆုံး ဆိုသော ပဋိဇီဝဆေးများကိုပင် မြင့်မားစွာ ခုခံရှင်သန်နိုင်စွမ်း ရှိသော New Delhi Metallo-beta-lactamase (NDM-1) ဟု အမည်ပေးထားသည့် ဗီဇပိုင်ဆိုင်သော စူပါပိုးတစ်မျိုးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လွန်ခဲ့သော ရက်သတ္တပတ်က တွေ့ရှိခဲ့သည့် အကြောင်း အပြည့်အစုံကို ဗြိတိန်အခြေစိုက် Lancet Infectious Diseases ဂျာနယ်တွင် ဖော်ပြပါရှိခဲ့ပါသည်။ ထို NDM-1 ဗီဇပိုင်ဆိုင်သော ပိုးများကြောင့် တီဘီ၊ နမိုးနီးယား စသော ကူးစက်ရောဂါများတွင် လူသားများအနေဖြင့် အကာအကွယ်မဲ့ ဆိုးရွားစွာ ကူးစက်ခံနိုင်ဖွယ် ရှိကြောင်း၊ ယခုဖြစ်ရပ်သည် ပဋိဇီဝဆေးများ သုံးစွဲပုံ စနစ်မကျခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း တွက်ဆသိရှိရသည်ဟု ထိုဂျာနယ်တွင် ဖော်ပြပါရှိသည်။
တီဘီရောဂါပိုးကို အီလက်ထရွန် မိုက်ကရိုစကုပ်အောက်တွင် မြင်ရပုံ
အထူးသဖြင့် အိန္ဒိယနိုင်ငံကဲ့သို့ လူနေမှုအဆင့်အတန်း နိမ့်ကျသော နေရာများ ရှိနေပြီး အလှအပခွဲစိတ်ပြုပြင်မှု (Cosmetic Surgery) လုပ်ငန်းများကို အမေရိကန်နှင့် ဥရောပနိုင်ငံများအောက် ဈေးချိုချိုနှင့် ပြုလုပ်ပေးမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု သိသိသာသာ မြင့်မားလာနေသော နိုင်ငံမျိုးသည် စူပါရောဂါပိုးများ ပေါ်ပေါက်လာခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်စေသည်ဟု ကမ္ဘာ့သုတေသီများက ၄င်းတို့၏ စာတမ်းများကို ထည့်သွင်းရေးသား တင်ပြကြသော်လည်း အိန္ဒိယအစိုးရကမူ ထိုဝေဖန်ချက်များသည် သူတို့နိုင်ငံ၏ အကျိုးစီးပွားများလှသော ဆေးဝါးဆိုင်ရာ ခရီးသွားလုပ်ငန်းများအပေါ် တိုက်ခိုက်ရန် လျှို့ဝှက် ပူးပေါင်းကြံစည်မှု တစ်ရပ်ဖြစ်သည်ဟု ပြန်လှန် စွပ်စွဲပြောဆို ကြကြောင်း သတင်းရရှိသည်။
ထိုသို့စွပ်စွဲမှုနှင့် ပတ်သက်၍ ဤလေ့လာမှု၏ ခေါင်းဆောင်သုတေသီတစ်ဦးဖြစ်သူ ပါမောက္ခ တင်မိုသီက ရုရှမီဒီယာများ မှတစ်ဆင့် ကမ္ဘာသို့ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
“သိပ္ပံပညာရှင်တွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ မှန်တဲ့ အချက်အလက်တွေကိုပဲ အရှိအတိုင်း မှတ်တမ်းတင်ပါတယ်။ NDM-1 ဆိုတာ မျိုးရိုးဗီဇဆိုင်ရာ DNA အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ရိုးရိုးသာမန် ဘက်တီးရီးယား တစ်ကောင်ကနေ စူပါဘက်တီးရီးယား စဖြစ်လာပြီး လျှင်မြန်စွာ ပွားများ လာတတ်တဲ့ သဘော ရှိပါတယ်။ လက်ရှိ ဒီလို NDM-1 ဗီဇတွေ့ရတဲ့ နိုင်ငံတွေကတော့ အမေရိက၊ ကနေဒါ၊ သြစတြေးလျား၊ နယ်သာလန်နဲ့ ပြင်သစ်တို့မှာ ဖြစ်ပြီး တူညီတိုက်ဆိုင်နေတဲ့ အချက်တွေကတော့ အဲဒီပိုးတွေ့တဲ့ သူတိုင်းဟာ မကြာသေးမီကမှ အိန္ဒိယကနေ ပြန်လာကြတာ ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ပြောခဲ့တဲ့ အိန္ဒိယက စပေါ်လာတာ ဆိုတဲ့ အချက်ဟာ သေချာပါတယ်။ လက်ရှိ ဒီစူပါပိုးတွေကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေး လောလောဆယ် မရှိသေးတာလည်း သေချာပါတယ်”
ထိုအကြောင်းခြင်းရာများကြောင့် လူဦးရေ သန်းတစ်ထောင်ခန့်ရှိသော အိန္ဒိယနိုင်ငံတွင် ဤအရေးကိစ္စကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ အနေဖြင့်လည်း ၄င်းတို့ တကယ် ထိရောက်စွာ အကောင်အထည် မဖော်ခဲ့သော အမျိုးသား ကျန်းမာရေးစောင့်ကြည့်မှုစနစ် (National Surveillance System) ကို စနစ်တကျ ခိုင်မာစွာ တည်ဆောက်ကျင့်သုံးကာ သောက်သုံးရန် မသင့်တော်သော ဆေးဝါးများ ဖြန့်ချိခြင်းကို ထိရောက်စွာ ပိတ်ပင်တားဆီး သင့်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုထားသည်။
အိန္ဒိယအဏုဇီဝဗေဒ ပညာရှင်များအစည်းအရုံး၏ ဥက္ကဌဖြစ်သူ ဒေါက်တာ အက်ဘ်ဟေးချောက်ဒရီကမူ “ရောဂါပိုးတွေဟာ ရှေ့ဆက် ပိုပြီး ဆေးယဉ်လာကြမှာ အသေအချာပါပဲ။ ဒေလီမြို့တစ်မြို့တည်း အိန္ဒိယ တစ်နိုင်ငံတည်းမှာပဲ ဒီဒဏ်ကို ခံရမှာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိတာမို့ ကာကွယ်ဖို့ တစ်ကမ္ဘာလုံးက ပညာရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု မီဒီယာများသို့ ယမန်နေ့က ပြောကြားခဲ့သည်။
လွန်ခဲ့သော ရက်များက စူပါရောဂါပိုးများကြောင့် ပါကစ္စတန်နိုင်ငံမှ ပြန်လာသော ဘရပ်ဆဲလ်မြို့သားတစ်ဦး သေဆုံးသွားကြောင်းကို ဘရပ်ဆဲလ်တက္ကသိုလ်ဆေးရုံမှ အဏုဇီဝဗေဒပညာရှင် ဒေါက်တာဒဲန်းနစ်ပီရာရက်၏ အတည်ပြုချက်ကို ကိုးကား၍ ဂျာမနီနိုင်ငံထုတ် German Bild သတင်းစာက ဖော်ထုတ်ရေးသားခဲ့သည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားလာမှု အရှိန်အဟုန်များ အထူးမြင့်မား လာနေသော ယနေ့ခေတ်တွင် ပိုးသတ်ဆေးမတိုးသော စူပါရောဂါပိုးများ ကမ္ဘာအနှံ့ ပျံ့ပွားကူးစက်ခြင်း မရှိစေရန် ကာကွယ်ရာတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အထူးဂရုစိုက်သွားရန် လိုအပ်လှပေသည်။ လက်ရှိ ဥရောပနှင့် အမေရိကနိုင်ငံ အတော်များများတွင်လည်း NDM-1 ဗီဇပါစူပါရောဂါပိုးများကို အထူးဂရုပြု ရှာဖွေစစ်ဆေးနေကြပြီး ပဋိဇီဝဆေးအသစ်များ ဖော်ထုတ်နိုင်ရန် နိုင်ငံတော်အဆင့် အတိုင်းအတာ သတိပေးချက်ဖြင့် ဆောင်ရွက်လျက် ရှိကြကြောင်း သတင်းရရှိသည်။
အချုပ်ပြောလိုသည်မှာ ကျွန်တော်တို့ လူသားများသည် သိပ္ပံနှင့် နည်းပညာ၏ စွမ်းအားကို ယုံကြည်သင့်ပါသည်။ စူပါရောဂါပိုးများ၏ DNA ခေါ် မျိုးရိုးဗီဇ အမျှင်ခွေလေးထဲတွင် သိုဝှက်ထားသော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်အနိုင်ယူနိုင်ရန် နည်းလမ်းများကို ဆေးသိပ္ပံပညာရှင်များ သေချာပေါက်ရှာတွေ့မည်ဟု ယုံကြည်သင့်ပါသည်။ လူသားအားလုံး တစ်ခုသတိချပ်ရန်မှာ အ၀ိဇ္ဇာ နှင့် တဏှာများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကြယ်တာရာစစ်ပွဲများ၊ အစွမ်းထက် လက်နက်များ၊ နျူကလီးယား ခြိမ်းခြောက်မှုများ၊ လူမျိုးရေးနယ်ပယ်ရေး ပြဿနာများ နှင့် ပတ်သက်၍ ကျွန်တော်တို့ အငြင်းအခုံတွေ လုပ်နေကြစဉ်မှာပင် လူသားများအတွက် တကယ့်အန္တရာယ် အစစ်ကတော့ လာနေပြီဆိုသော အချက်ပင် ဖြစ်ပါသည်…………. ဟု ယခုလ ၁၈ရက်နေ့ထုတ် Moscow Time သတင်းစာတွင် ရေးသားဖော်ပြပါရှိခဲ့ပါသည်။
မြန်မာနိုင်ငံနဲ့နီးတဲ့ အိန္ဒိယ နိုင်ငံမှာဖြစ်ပွားမှု
ဖြစ်တဲ့အတွက် အခုလိုအသိပေးချက်များကိုလဲ အခိုင်အမာ သတင်း
အချက်အလက်ရပြီဆိုတာနဲ့ ကာကွယ်ဖို့အတွက် ဘယ်လိုလုပ်ဆောင်မှု
တွေလုပ်ရမယ် ..ဘယ်လိုတွေနေထိုင်ရမယ်ဆိုတာ အခြားနိုင်ငံတွေ
ထက် ပိုမိုလုပ်ဆောင်သင့်ပါတယ်လို့ ထင်ပါတယ်...ဘယ်ရောဂါပိုးကိုမဆို ဘယ်လောက်ကောင်းတဲ့ ကာကွယ်ဆေးတွေ ထွက်ရှိသည်ဖြစ်ပါစေ မြန်မာနိုင်ငံတွင်းကထုပ်လုပ်မှု မဟုတ်တဲ့အတွက် ပိုက်ဆံရှိခဲ့ရင်တောင်မှ ကုသဖို့ဆိုတာမလွယ်ကူပါဘူး....ဒါကြောင့်မို့ကာကွယ်မှုကို ကြိုတင်လုပ်ဆောင်သင့်တဲ့အတွက် အနည်းဆုံးအခုလိုစာလေးကိုပဲ ဖတ်ရဖတ်ရ တတ်နိုင်သလောက်တော့ သတိတရဖြစ်စေမယ်လို့ထင်ပါတယ်…အားလုံးကို ကျေးဇူးတင်ပါတယ်။
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment
LISTEN YMBG FLASH SONGS
YMBG GROUP FLASH SONGS
 ရွှေတိဂုံ ရွှေတိဂုံ(၂)  ဓမ္မဒါန အမေ-ထူးအိမ်သင် မ-sample မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ  မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက်နှလုံးသားရှိတဲ့အရပ်မျောလွှင့်နေတဲ့တိမ်မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ်ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တငါ့ကိုပြောပါမျှော်လင့်ချက်မဲ့(မျိုးကြီး)ယုံကြည်ပေးပါBellyDancerယုံကြည်ပေးပါ(Remix)အဖြူရောင်လေးပါကွယ်ရင်ထည်းခိုနားလှည့်ပေါ့ကွယ်မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူးတိတ်တခိုးအချစ်စံပါယ်တခုလောက်ဖြေပေးပါယုံကြည်ခြင်း၂မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့နင့်ကိုငါအချစ်ဆုံးကင်ဆာအချစ်နဲပိုက်ဆံနင်တစ်ယောက်တည်းတို့နှစ်ယောက်အကြောင်း   ရုပ်သေးရုပ်   ဒီမိုးသည်းချိန်တိုင်းမှာ   ပြန်ဆုံနိုင်ဦးမလား   မင်းနဲ့အတူရှိချင်   ကြွေနေပြီ   တိုကျိုအိပ်မက်   မနှုတ်ဆက်ချင်ဘူး   အာဒံဧ၀   တောင်းပန်ပါတယ်   I Love U Baby  BabY  Cry On My    Sailing   HONEY(အာဇာနည်)     ကိုယ့်ရဲ့သက်တန့်ငယ်    အလွမ်းဝင်္ကပါ  မ မရှိတဲ့နေ့ရက်များ    ခါး(အငဲ)   သိမ်းထားခွင့်  WeddingDress   မင်းရှိစေချင်တယ်     ONLYLOVE   ကိုယ်ပိုင်တဲ့ကိုယ့်နေရာ   တန်ဖိုး(လေးဖြူ)    ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ   မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း)  မခေါ်ရက်ဘူး   တက္ကသိုလ်ဘ၀   ဆေးပေးပါ(မျိုးကြီး)   အသဲကွဲဒီဇင်ဘာ   အချစ်အိမ်မက်လေး   ညီမလေးအတွက်   ရိုမီယိုဂျူးလီးယက်   Baby Gril   တော်ပြီနောက့်   အိပ်မက်ထဲကလူ   ငါ့နဲ့ မင်း  အဖြူရောင်သူငယ်ချင်း  ဖက်ထားမယ်  အဖြည့်ခံ   မိုးဘယ်မှာရွာနေလဲ   ချစ်တယ်ဟုတ်   Bad girl   ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက်  တစ်ချိန်က”မ”   နှုတ်ဆက်သီချင်း   OldService   အဆောင်သူမမ   ပြော   သနပ်ခါး   အချစ်ဝင်္ကပါ   L.O.V.E(Kg Ma Lay)   အရင်ကဇတ်လမ်း  အလွမ်းဝင်္ကပါ  အလွမ်း  ရှင်းပြခွင့်ပေးပါ  Over You  မိုး  အနားနားဘေးမှာ  မင်းကိုသတိရရင်  Never Say Never  never say never2  စိတ္တဇညဆိုးများ  သူငယ်ချင်း   အဝေးကချစ်သူ ကိုယ်တယောက်ထဲ လိပ်ပြာလေးရဲ့ကဗျာလွဲနေတဲ့ဆုံမှတ်များ valentine သီချင်းထားခဲ့ပါ ချစ်သောနန်းနှင့်ရှမ်းမောမြေကဗျာမပီစာမပီမြန်မာမလေးသက်ထားအင်ဒိုနီးရှားဘာသာပြန်သီချင်း(မွန်မြတ်စိတ်ထား)မဆွေးချင်ဘူး(အဝေးမသွားပါနဲ့)(ဆက်ရန်မရှိသူ)ဘန်နီ(ပြည်ဖြိုးပိုင်)နဲ့စိုးကြီးမေ့ရက်နိုင်သည့်အကြောင်းများ ဆင်ပေါက်ရဲ့ မင်းတစ်ယောက်ထဲ မိုး ပြည့်ဆုံ
 ယုံကြည်တော့အချစ်  ကောင်ကလေးကကောင်မလေးကို  နေရာ  တယောက်သော သူ  အဆုံးမဲ့  အလွမ်းပြေအနမ်း  အလွမ်းဆုလဒ်  ဘာဖြစ်ဖြစ်ချစ်  မင်းသိလာမယ် 2  ပြန်မဆုံဖြစ်ကျရင်  နောက်ဆုံး  အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူလမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ်သံယောဇဉ် ချစ်သူထားခဲ့တော့ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင်သတိရရ-မရရအဖြည့်ခံချစ်သူ တိတ်တခိုးနင်မလိုချင်လဲလမ်းပျောက်ချိန်အလွမ်းကဗျာအေးဆေးဖြစ်သွားပြီမညာပါနဲ့သံစဉ်နဲ့ချော့သိပ်ခွင့်   (မမ)   ချစ်တယ်မရေ   အချစ်မှတပါးအခြားမရှိပြီ   တနေ့တော့ချစ်လာလိမ့်မည်   အမေ့   မင်းအကြောင်းအိမ်မက်   တန်ဆောင်တိုင်သီချင်း   အလွမ်းနဲ့ရူးပြီ   နှမြောတယ်   သူလေး  ကောင်းကင်ကအချစ်ငှက်   ဆာဒါငဲယိုး   ခိုနားရာ   အိမ်မက်ကမ္ဘာ   အလွမ်းဝင်္ကဘာ   ပထမအနမ်းသီချင်း   စကားလုံးတွေမလိုဘုး   (နိဒါန်း)    လေလွှင့်သူ   အာဇာနည်    ငါဆက်ချစ်မယ့်သူ   ရုပ်သေးရုပ်   မျှော်လင့်ချက်မဲ့    ဒီတစ်ခါမခွဲတော့ဘူး   ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း)   မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း)   လက်ခံပေးပါ(၂)မျိုးကြီး   မျိုးကြီး=အတိတ်ရဲ့နွေ    Baby   စပါယ်   အမြဲတန်းယုံကြည်တယ်   သူငယ်ချင်းသံယောဇဉ်   မိန်းကလေးပါ   ဒီဇင်ဘာည၂   ပြည့်စုံလွန်း   အသိအမှတ်ပြုပါ   ကြယ်ကြွေကောင်းကင်   Congratulation   ညီမလေး   မကြင်နာလေသူသို့   အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့   ပထမအနမ်း   ချစ်သူသိပါစေ   နင်မသွားခင်    နှမြောတယ်   မျှော်လင့်မိတဲ့ငါ့နတ်သမီး   လမ်းခွဲ    နောက်ဆုံးပေါ့   Baby-(Mc Wai Lin)   ရင်ထဲကလာတဲ့သီချင်း   ကော်ရုပ်လေး   လွမ်းဆွတ်ခွင့်   ချစ်သူ-ရိန်မိုး   ငါ့ရဲ့လမင်း(လေးဖြူ)   ရင်ခုန်စရာရှုခင်း(မျိုးကြီး)   ကိုယ့်ရဲ့ကွက်လပ်   ဆု....ထံသို့   ခလေးလေး   မ-အတွက်သီချင်း   ယုံမှာလား   ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး)   မိုးသည်းချိန်မှာ   Venus   အရိပ်ပမာမခွဲခွါ    တစ်စစီကျိုးပဲ့နေ[ပုလဲမျက်ရည်]၀ိုင်းဝိုင်း [နမ်းရှိုက်ခွင့်]စိုင်းစိုင်းရဲ့ [လရိပ်ချို]ပန်းကမ္ဘာမျှော်စင်မိုးမိုး(ထွက်မပြေးကြေး)မြန်မာမလေး၂(ရိုးရိုးလေးပဲစဉ်းစား)အဖေ (ဂျစ်လေးနဲ့ ၈ကြီး)ထားခဲ့ပါ(အချစ်မျက်ဝန်း) JoHame-ပန်းတွေနိုးတဲ့နံနက်ခင်း တယောက်သောသူအတွက်(အမြဲတမ်းပဲမင်း)
 အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်းမြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ်တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်စာမျက်နာ ၁၅ မျက်နာများတဲ့မောင်ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ်ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့်ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူနားနားဘေးမှာပျံသန်းသွားတော့ဟုတ်လို့လားNever Be Replacedချစ်မိနေပြီနိုးတစ်ဝက်အချစ်အချစ်အတွက်ကိုယ်စားငါ့ရဲ့အနား ၂ဝေးသွားတဲ့အခါမီးအိမ်ရှင်ငါ့နေရာAnywhere for youJustin Bieber(Baby)သီရိသူဒီဇင်ဘာညဒီဇင်ဘာည၂ငါမှားလားမင်းမှန်လားဆေးကျောင်းသားတကယ်ဆိုရင်အမေစွန့်လွှတ်ခက်သူနင်စေရင်အနှိုင်းမဲ့ရင်ဘတ်ထဲကအနိုင်မယူသူရဲ့အရှုံးRIGHTHEREWAITINGFORYOU YMBG GROUP ချစ်တယ် မင်းနဲ့အတူတူ  မဆုံနိုင်ခြင်း(ညီမှူးအိမ်)  တစ်ကယ့်ပုံပြင်-ရိုးရာ မိုး-ရိုးရာ မျက်နာ လပ္ပပ်ါပဲါကဆံင်(မွန်သီချင်း) ပူစူး=တစ်မိုးအောက် ကြိုးကြာ=တိတ်တိတ်လေး ဘယ်သူ့အတွက်လဲ မေ့လို့မရသေးဘူး ဒို့နှစ်ယောက် မဝေးတဲ့ချစ်ခြင်း(Nကိုင်ရာ) ငါဝအောင်ငိုမယ်၂ နင်မေ့လို့ရပြီလား ၁၆နှစ်အချစ် မေ့လိုက်  အမြဲရှိနေပါ-ရဲလေး ကောင်မလေးသို့-OAKKAR အချစ်ရူးလေး-ထက်ယံ အေးသင်ချိုဆွေ=ပြိုလဲကြေကွဲ အတူတူဆိုရင် ကျိန်ပြောတတ်သူ ဖြည့်ဆည်းပေးသူ February14(February မှတ်တမ်း) လူကြမ်းတယောက်ရဲ့အဆွေး ငါ့အတွက်မကြည့်ပါနဲ့ တကယ့်ပုံပြင်  ဟန်ထွန်း =လွမ်းသူအကြောင်း ဖက်ထားးမယ် Angel နတ်သမီး သူငယ်ချင်းအချစ် ကမ္ဘာငယ် ရင်ဘတ်ထဲကလူ အဝေးကချစ်သူ ငါမင်းအတွက် FavoriteGirl ငါဝအောင်ငိုမယ် ငရုပ်သီး မင်းပြန်လာမဲ့ရက် SomebodyToLove ဖွဲမီး ကောင်းကင်မေမေ NEVER BE REPLACED အချစ်တန်ခိုး(အာဇာနည်) I.M.fd  ချစ်ခဲ့တာလား ရူးခဲ့တာလား  အလွမ်းဆုလဒ် ကြိုစေချင်တယ်  ငါ့နေရာ   Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo)  ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ  ခိုနားရာ ကောင်ကလေးကကောင်မလေးကို  ထာဝရပက်သက်ခွင့်ပြုပါ နေ၀င်ချိန်THEPOWEROFLOVEတောင်းပန်တယ်လျှို့ဝှက်ထားတယ်ေ​တာ​င်း​ပန်ပါ​တ​ယ်တိုကျို​အိပ်မ​က်အရူး​အမူးငါဆက်ချစ်မဲ့သူမင်းလေးကိုအချစ်ဆုံးထာဝစဉ်ဝိုင်းဝိုင်း[ဒူးထောက်ပြီ] အခန်းဆက်အလွမ်း(ဟန်ထွန်း)တင်ဇာမော်[အချစ်မရှိနေ့ရက်များ] ဆောင်းဦးလှိုင်[သွားလိုက်တော့](သိမ်းထားခွင့်) (မင်းကိုချစ်တယ်)( အပျိုကြီး)(ကမ္ဘာကျော်တဲ့စိတ်ကူး) “မ” - ပူစူး
YMBG ADMIN GROUP
ymbggroup@gmail.com , ymbggroup@blumail.org