အတူတူပဲ
ပထမအိမ်နီးချင်း ။ ။ ငါတို့ ဒီကနေ့ ရွှေ့ တော့မယ်။ ပိုကောင်းတဲ့ပတ်ဝန်းကျင်မှာနေရတော့မှာ။
ဒုတိယအိမ်နီးချင်း။ ။ ငါတို့ လည်းအတူတူပဲ။
ပထမအိမ်နီးချင်း ။ ။ ဟင် .. မင်းတို့ လည်း ဒီကရွှေ့ တော့မှာလား။
ဒုတိယအိမ်နီးချင်း။. ။ မဟုတ်ပါဘူး ။ ဒီနေရာမှာပဲ ဆက်နေကြမှာပါ။
ဥာဏ်ကောင်းဖို့ 
စားသုံးသူ ။ ။ ငါးစားရင် ဥာဏ်ကောင်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါငါးမကြိုက်ဘူး။ ဥာဏ်ကောင်းတဲ့
တခြားစားစရာဘာရှိသေးလဲ။
စားပွဲထိုး ။ ။ ရှိတာပေါ့ဆရာ ။ ခေါက်ဆွဲပြုတ်စားပါ။
နှုတ်ခမ်းမွှေး
ဆရာ။ ။ မင်းတို့ ကိုဥာဏ်စမ်းရဦးမယ်။ လူတွေရဲ့ဆံပင်က ဘာကြောင့် နှုတ်ခမ်းမွှေးထက်အရင်ဖြူရတာလဲ။
တပည့်။ ။ ဆံပင်က နှုတ်ခမ်းမွှေးထက် နှစ် ၂၀လောက် အသက်ပိုကြီးလို့ ပါဆရာ။
အသက်ရှည်ရှည်
လူနာ။ ။ ဆရာ ၊ ကျွန်တော် အသက် ၁၀၀ အထိနေချင်တယ်။
ဆရာဝန်။ ။ ဒါဆိုရင် ကွတ်ကီးမုန့် မစားနဲ့ ၊ ကိတ်မုန့် နဲ့ ရေခဲမုန့် ကိုရှောင် ၊ အသားစားတာရပ် ၊ အာလူးသီး
နဲ့ ပေါင်မုန့် လည်းမစားနဲ့ ၊ အချိုရည်လည်း မသောက်နဲ့ ။
လူနာ ။ ။ အဲ့သည်အတိုင်းလိုက်နာရင် အသက်၁၀၀ နေရရောလား။
ဆရာဝန်။ ။ မသေချာဘူး။ ဒါပေမဲ့ အဲ့သည်လောက် နေရတဲ့လူလို ခင်ဗျားခံစားရမယ်။
စည်းကမ်း
အာဖရိက တောင်တန်းဒေသမှာ အလွန်သင့်တော်ကောင်းမွန်တဲ့ စည်းကမ်းတစ်ခုရှိသဗျ ။ ပရိသတ်ရှေ့ မှာ
မိန့် ခွန်းစကားမြွက်ကြားမယ့်သူဟာ ခြေတစ်ပေါင်ကျိုးရပ်ပြီးပဲ စကားပြောရမယ်။ မြှောက်ထားတဲ့ ခြေထောက်မြေကို ထိတာနဲ့ ပြော။
ယားမှယား
စူစီ။ ။ ဂျော့ရဲ့နှုတ်ခမ်းမွှေးတွေ ကြောင့်ငါတော့ရယ်ချင်တာပဲ။
ဂျီနီ။ ။ ဟုတ်ပ ။ ငါ့လည်း ကလိထိုးနေသလိုပဲ။
တွေးစရာ
ခင်ပွန်း ။ ။ အရမ်းခမ်းနားတဲ့ပါတီတစ်ခုသည် ညပေးဖို့ စီစဉ်ထားတာ ၊ အမျိုးကောင်းသား ဘယ်နှယောက်လောက်လာမယ် မင်းထင်သလဲ။
ဇနီး ။ ။ ရှင်တွက်ထားတဲ့အထဲက တစ်ယောက်လျှော့လိုက် ။
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment