တစ်ခါတုန်းက အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်..
သူတို့၂ယောက်ဟာ သဲကန္တာရကြီး တစ်ခုကို ခြေကျင် ဖြတ်ကျော် နေကြပါတယ်
ခရီးလမ်း တစ်နေရာမှာ သူငယ်ချင်း၂ယောက် အငြင်းအခုံ ဖြစ်ကြပါတယ်..
စကားများကြရင်း ဒေါသတွေ ပါလာပြီး သူငယ်ချင်း တစ်ယောက်က
တစ်ခြားတစ်ယောက်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်.. အရိုက် ခံလိုက်ရတဲ့
တစ်ယောက်က ဘာမှပြန်မလုပ်၊ ဘာမှပြန်မပြောဘဲ သဲပြင်ပေါ်မှာ
စာရေးချလိုက်ပါတယ်..
ဒီနေ့….. ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့မျက်နှာကို ရိုက်တယ် …
ဒီလိုနဲ့ သူတို့နှစ်ယောက် ရှေ့ကို ခရီးဆက်ကြပါတယ်.. အိုအေစစ်လေးတွေ့တော့
ခနတစ်ဖြုတ် ရပ်နားပြီး ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ရေချိုးဖို့
ရေထဲ အဆင်းမှာ မျက်နှာကို အရိုက်ခံထားရတဲ့ သူငယ်ချင်းက နွံထဲမှာ ခြေထောက်
နစ်သွားပါတယ်.. ရုန်းလေနစ်လေ ရုန်းလေနစ်လေ ဖြစ်နေတဲ့ သူ့ကို သူငယ်ချင်းက
ကယ်တင် လိုက်ပါတယ်.. ကမ်းပေါ်မှာ နှစ်ယောက်သား အနားယူကြရင်း ရေနစ်တဲ့
သူငယ်ချင်းက ကျောက်တုံး တစ်တုံးကို ယူလိုက်ပါတယ်.. ပြီးတော့ ကျောက်တုံး
ပေါ်မှာ စာတစ်ကြောင်း ရေးထွင်းလိုက်ပါတယ်..
"ဒီနေ့….. ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ်….."
သူ့မျက်နှာကို ရိုက်ခဲ့ပြီးမှ အခု အသက်ပြန်ကယ်လိုက်တဲ့ သူငယ်ချင်းက မေးပါတယ်…
“ ငါ မင်းမျက်နှာကို ရိုက်တုန်းကတော့ သဲပေါ်မှာ စာရေးတယ်.. အခု ကျတော့
ကျောက်တုံးပေါ်မှာ ရေးတယ်. အဲဒါ ဘာသဘောလဲကွာ.. ”
ကျောက်တုံးပေါ်မှာ ထွင်းရေးနေတဲ့ သူငယ်ချင်းက ပြုံးပြီး ပြန်ဖြေပါတယ်..
“တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာဘဲ
ချရေးသင့်တယ်.. ဒါမှလဲ ခွင့်လွှတ်ခြင်းဆိုတဲ့ လေကလေး တိုက်ခတ်လာတဲ့အခါ
ရေးထားတဲ့စာ အားလုံး လွှင့်ပျောက် သွားနိုင်တယ်လေ… ဒါပေမဲ့ တစ်ယောက်ယောက်က
ကိုယ့်အပေါ်မှာ ကောင်းတာ လုပ်ပေးခဲ့တယ်.. အကူအညီပေးခဲ့တယ် ဆိုရင် အခုလို
ကျောက်တုံးပေါ်မှာ ထွင်းထားရမယ် .. ဒီလို ထွင်းထားတဲ့အတွက် ဘယ်လို
လေမုန်တိုင်း မျိုးဘဲ ဖြစ်စေ ပျောက်ပျက်အောင် လုပ်နိုင်ဖို့ မလွယ်
တော့ဘူးလေ… ဘယ်လိုအရာကမှ ပျက်သွားအောင် မလုပ်နိုင်တော့ဘူးပေါ့”
——————————————————————————————
ပုံပြင်လေးက ဒီလောက်လေးပါဘဲ … ဒါပေမဲ့ ဒီပုံပြင်နဲ့ ဆက်စပ်ပြီး
စဉ်းစားစရာတွေက အများကြီးပါနော်… ကျွန်တော်တို့ရဲ့ ဘ၀မှာ သူငယ်ချင်း
မိတ်ဆွေတွေဆီက အကူ အညီတွေ ရခဲ့ကြဖူးမှာပါ….. အဲလိုရခဲ့ဖူးတဲ့ အကူအညီ
တွေအတွက် အမြဲတမ်း သတိတရနဲ့ ရှိနေခဲ့ကြပါရဲ့လား… ခနလေးနဲ့ဘဲ
မေ့ပျောက်ပစ်လိုက်ကြ ပါပြီလား… ဘ၀မှာ ကိုယ့်အပေါ် အးဆိုးတွေနဲ့
ဆက်ဆံခဲ့သူတွေ ရှိသလို ၊ ကိုယ့်ကို စာနာ နားလည် ကူညီတတ်တဲ့
သူငယ်ချင်းမိတ်ဆွေကောင်းတွေလဲ မထင် မှတ်တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်..
ကျွန်တော်တို့တွေက ကိုယ့်အပေါ်ကို ရက်စက်သွားတဲ့၊ ကိုယ့်အပေါ် နာကျင်အောင်
လုပ်သွားတဲ့ သူတွေကိုသာ ခံပြင်း နာကျည်းစိတ်နဲ့၊ ဒေါသ အငြိုးအတေးစိတ်
တွေနဲ့ မမေ့နိုင်အောင် ရှိနေခဲ့ကြပေမဲ့ ၊ ကိုယ့်အပေါ် အရမ်းကောင်းတဲ့
မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ကို ကျေးဇူး ပြုခဲ့ဖူးသူတွေကိုတော့
အမှတ်တမဲ့နဲ့ နေတတ်ကြပါတယ်.. အမှန်အားဖြင့်တော့ အငြိုးအတေးနဲ့
ဒေါသစိတ်တွေဟာ လူကို ပူလောင်စေသလို ကိုယ့်အတွက်လည်း
အကျိုးမရှိပါဘူးနော်.. ဒီတော့ တစ်ယောက်ယောက်ကများ ကိုယ့်ကို ထိခိုက်
နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာ ရေးမှတ်ထားလိုက်ပါတယ်.. မကြာခင်မှာ
မေ့ပျောက် သွားပါလိမ့်မယ်… ကိုယ့်အပေါ် သိပ်ကောင်းတဲ့
သူငယ်ချင်းမိတ်ဆွေများ ၊ ကျေးဇူး ရှိခဲ့ဖူးသူများကိုတော့ ဘယ်သောခါမှာ
မမေ့ပျောက်ဖို့အတွက် နှလုံးသား ကျောက်တုံးပြင်ပေါ်မှာ ရေးထွင်းထား
ကြရအောင်လား….
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment