အဘိုးကြီး။ ။ ဘာမှမဟုတ်ပါဘူးကွာ။
အဘွားကြီး။ ။ ဘာ..ဘာမှမဟုတ်ရမှာလဲ....တော်အဲ
ကျုပ်ကိုမှန်မှန်ပြောနော်...ပြီ
အဘိုးကြီး။ ။ မဟုတ်ပါဘူးကွာ....ငါတို့ရဲ့လက်
expire date များပါမလားလို့ရှာကြည့်နေတာ.... ။
မယုံနဲ့
“ ယောင်္ကျားတွေကို လုံးဝ မယုံနဲ့၊ သူတို့အားလုံး လူညာတွေချည်းပဲ ”
“ ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမှာလဲ၊ ချစ်လှချည်ရဲ့၊ ကြိုက်လှချည်ရဲ့လို့ ယောင်္ကျားတွေ
အများကြီးက ကျွန်မကို ပြောတယ်လေ၊ ဟော....ခုတော့ တစ်ယောက်တည်းကပဲ
ကျွန်မကို လက်ထပ်ခဲ့တယ် ”
...... ......
( မှတ်ချက်။ ။ ယောင်္ကျားများ၏ စကားကို ပြောတိုင်းမယုံပါနှင့် )
အချစ်ည၀တ်အင်္ကျီ
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့
သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့
ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး
အဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို
စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ်
အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
> "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > >
ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။
အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး
ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့
အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့
လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ"
လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက
မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်"
လို့ ပြန်ပြောလိုက်သတဲ့။
...... ....
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )
ယာင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ ချစ်ခင်မြတ်နိုးလို့
လက်ထပ်လိုက်ကြတယ်။ အဲဒီနောက် အတူတကွ ပေါင်းသင်းနေထိုင်ကြတယ်။ တစ်နေ့တော့
မိန်းမမှာ ကိုယ်ဝန်ရှိလာတာပေါ့။ ဒါနဲ့ ကလေးလေးကို
မွေးမယ့်အချိန်ရောက်တော့ ယောင်္ကျားက ဆေးရုံကို ပို့ပေးတာပေါ့။
မိန်းမလက်လေးကို ကိုင်ပြီး အားပေးတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးတော့
သူတို့ရဲ့ ကိုယ်ပွားလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပါရော...။ ဒါပေမယ့်
ကလေးက အမွှာကလေး ဖြစ်နေတယ်။ ကလေး နှစ်ယောက် ဘယ်လို ဖြစ်လာတာကို
နားမလည်နိုင်တဲ့ အဖေဖြစ်သူက...မိန်းမကို လှည့်ကြည့်ပြီး
ဒေါသတကြီးနဲ့....“ ပြောစမ်းပါဦး॥ကလေး အဖေ နောက်တစ်ယောက်က ဘယ်သူလဲ” တဲ့။
ဘယ်သူများ ဖြစ်နိုင်မလဲ ကွယ်တို့..................း)
........ .......
ချစ်သူဘ၀နှင့် အိမ်ထောင်သည်ဘဝ
..............................
ချစ်သူဘ၀။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏
အိမ်ထောင်သည်ဘ၀။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏
ချစ်သူဘ၀။ ။ ကလေး ဘယ်နှယောက်ယူလိုက်မည်ဟုစိတ်ကူး၏
အိမ်ထောင်သည်ဘ၀။ ။ ကလေးမယူဖြစ်ခဲ့ရင်အကောင်းသားဟု တွေး၏
ချစ်သူဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေးလို၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင်တိတ်တိတ်လေးထားလို၏
ချစ်သူဘ၀။ ။ မွှန်နေသော်လည်း ကိစ္စမရှိ
အိမ်ထောင်သည်ဘ၀။ ။ ကိစ္စရှိမှ မွှန်၏
ချစ်သူဘ၀။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောလျှင် တိုးတိုးလေးပြော၏
အိမ်ထောင်သည်ဘ၀။ ။ ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အာ
ချစ်သူဘ၀။ ။ သူ့မွေးနေ့ကို အလွတ်ရ၏
အိမ်ထောင်သည်ဘ၀။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ
ချစ်သူဘ၀။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏
အိမ်ထောင်သည်ဘ၀။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍သွားလေ့ရှ
ချစ်သူဘ၀။ ။ ချစ်သူအကြောင်းသာပြော၏
အိမ်ထောင်သည်ဘ၀။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏
ချစ်သူဘ၀။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
အိမ်ထောင်သည်ဘ၀။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
...... ....
လေဒီရူးလေးကို ပခုံးမှာချိတ်
လင်မယားစုံတွဲ တစ်တွဲ ရှိတယ် .... တစ်နေ့ .. ပင်လယ်ကမ်းခြေ အပန်းဖြေ
ခရီးထွက်ဖို. မိန်းမရဲ. သူငယ်ချင်းတွေက လာခေါ်တယ် .. ယောက်ျားကလဲ
လိုက်လို့မရတဲ့ အလုပ်ကိစ္စတွေ ရှိနေလို့ လိုက်မသွားနိုင်ဘူး ... ဒါပေမဲ့
သူ.မိန်းမကို လေဒီရူး တစ်ရံ ၀ယ်ပေးလိုက်တယ် ... ပြီးတော့ မှာလိုက်တာက
.... " မိန်းမရေ .. ဒီလေဒီရူးရဲ. အပေါ်ပိုင်းကို ဘယ်သူ.မှ ထိခွင့်မပေးနဲ့"
တဲ့ .... ကမ်းခြေ ရောက်ပြီးတဲ့နေ့ကစပြီး .. မိန်းမက သူ.ယောက်ျားမှာတာကို
တသွေမတိန်း လိုက်နာတယ်တဲ့ ...လေဒီရူးကို ပခုံးမှာချိတ်လို့ ......။
..... .....
အဓိပ်ပါယ်က
အမျိုးသမီးများ၏အဆိုကို အောက်ပါအတိုင်း နားလည်အပ်ရာ၏။
ဟုတ်တယ်= ဟုတ်တယ်
မဟုတ်ဘူး= ဟုတ်တယ်
ဟုတ်မှာပါ= မဟုတ်ဘူး
ဟုတ်ချင်မှဟုတ်မှာပါ= ဟုတ်တယ်
လိုအပ်သလားလို့= လိုချင်တယ်
ကျွန်မအရမ်းဝမ်းနည်းတယ်= ရှင် ၀မ်းနည်းရမယ်
ကျွန်မပြောစရာရှိတယ်= ရှင် ဘုရားတပေတော့
ဆက်လုပ်၊ ဆက်လုပ်= ရှင် သိပ်မဟန်သေးဘူး
ရှင်ဘာလိုချင်သလဲ= ရှင်ဘာပေးနိုင်သလဲ
ကျွန်မ မသွားချင်ဘူး= ရှင် သွားရဲသွားကြည့်
ကျွန်မ အလေးမထားဘူး= ရှင် အလေးထားရမယ်
(အမျိုးသားတို့၏အဆိုကို အောက်ပါအတိုင်း နားလည်အပ်ရာ၏။)
ဗိုက်ဆာတယ်= ဗိုက်ဆာတယ်
အိပ်မရဘူး= အိပ်မရဘူး
မောတယ်ဗျာ= မောတယ်ဗျာ
လှလိုက်တာ= ချစ်ချင်တယ်
ချစ်တယ်= ချစ်ချင်တယ်
ပျင်းလိုက်တာ= ချစ်ချင်တယ်
ဘာလုပ်ပေးရမလဲ= ချစ်ချင်တယ်
ရုပ်ရှင်ကြည့်မလား= ချစ်ချင်တယ်
ဘာစားချင်လဲ= ချစ်ချင်တယ်
လိုချင်တာ စဉ်းစားထားနော်= ပိုက်ဆံမရှိသေးဘူး
အမလေးနော်
သူ့မိန်းမ က အဲဒီ့ အံဆွဲလေးကို အမြဲ သော့ခတ်ပြီး သော့ကိုသိမ်းထားတယ်။
သူတောင်းကြည့်လည်း ပေးမကြည့်ဘူး တရက်တော့ သူ့မိန်းမ ခရီးထွက်သွားတော့
သော့ ကိုဖျက်ဆီးပြီး ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ဒေါ်လာ ၁သောင်း နဲ့ ကြက်ဥ
၃ လုံးကို တွေ့တယ်။ သူ့မိန်းမပြန်လာတော့ မေးတာပေါ့...... (ယောက်ျား)...“
မိန်းမ ဒီပိုက်ဆံနဲ့ ကြက်ဥ ၃ လုံးက ဘာလုပ်တာလဲ”။ (မိန်းမ)....“ ကျွန်မ
တခါ ဖေါက်ပြန်တိုင်း ကြက်ဥ ၁လုံးဝယ်တယ။် (ယောက်ျား)...“ အော်
ငါမင်းကိုခွင့်လွှတ်ပါတယ် ငါနဲ့ပေါင်း လာတဲ့ နှစ်တွေဒီလောက်ကြာတာတောင်
မင်း၃ခါပဲ ဖေါက်ပြန်ခဲ့တာပေါ့.... ဒါနဲ့ ဒီ ဒေါ်လာ ၁ သောင်းကရော”။
(မိန်းမ)...“ ကြက်ဥ ၁ ဖာ ပြည့်တိုင်း သွားသွားရောင်းတယ်လေ”
......... ......
မမေ့ကြစေဘို့
အသက် 85 နှစ်အရွယ် အဘိုးကြီးနဲ့ အသက် 18 နှစ်အရွယ်
မိန်းကလေးတစ်ဦးတို့ရဲ့ မင်္ဂလာဦးညမှာပေါ့။
အဘိုးအို ။ ။ မင်း မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းရသလဲ ဆိုတာ သိရဲ့လား။
ကလေးမ ။ ။ မသိပါဘူးရှင့်။
အဘိုးအို ။ ။ ဟင်၊ မင်းအမေက မပြောပြဘူးလား။
ကလေးမ။ ။ မပြောပြဘူးရှင့်။
အဘိုးအို ။ ။ ဒုတ်ခပဲကွာ။ မင်းကလဲ မသိ။ ငါကလဲ မေ့ကုန်ပြီ။
.......... .......
ဥာဏ်ကြီးရှင် ဖေဖေ
ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေ
ဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်”
“လမင်း ဟုတ်လား ၊ မသိပါဘူး သားရယ်”
“ကြယ်တွေကျတော့ သေးသေးလေးနော်…. ဘာဖြစ်လို့လဲ ဖေဖေ”
“ကြယ်တွေ ဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့ ..”
အမေက ၀င်ပြောသည်။
“ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment