လူသားတွေကျန်းမာဖို့ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ကောင်းရန်လိုအပ်သည်။ သို့မှသာ ချမ်းသာသုခ ပြည့်ဝနိုင်မည်ဖြစ်သည်။ ငွေကြးချမ်းသာသော်လည်း ထိုနှစ်မျိုးလုံး ပြည့်စုံဖို့ရန်မလွယ်ကူနိုင်ပါ၊ အချို့လူများပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း၊ တဖက်မှ သောကတွေထူပြောကာ ချမ်းသာသုခ ကင်းမဲ့နေသည်။ အချို့လူများမှာ အမြင်အရ အဆင့်အတန်း မြင့်မားနေသော်လည်း သူတစ်ပါးအပေါ် မေတ္တာ၊ကရုဏာထားရန် ချမ်းသာနိုင်စွမ်းမရှိ။ သူတစ်ပါး၏ အဆင်ပြေမူ၊ အောင်မြင်မူအပေါ် မုဒိသာမပွားနိုင်ပဲ ၀န်တိုမစ္ဆေရိယစိတ်တို့၏နိုပ်စက်မူဒဏ်ကို ခံစားနေရသည်။
ချမ်းသာခြင်းဟုထင်ရသော ဓနဥစ္စာ၊ ရာထူးရာခံ နှင့် အောင်မြင်ကျော်ကြားခြင်းတို့မည်
အောင်မြင်ကျော်ကြားနေသော နယ်ပယ်စုံမှပုဂ္ဂိုလ်(အနုပညာ၊ရု
သို့အတွက်ကြောင့် လူတိုင်း မိမိ၏ရှိသည့်ဘ၀ အပေါ် အပြစ်ဖို့ရန်သာ ပြုမည့်အစား ကျေနပ်ဖို့ရန် လိုအပ်ပါသည်။ သို့တည်းမဟုတ် တဆင့်တက်လှမ်း ကြိုးစားနိုင်ပါသည်။
သူငယ်ချင်းတွေအပေါ် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနို
တကယ်တော့ ဘ၀အောင်မြင်မူ ဆိုတာက ငွေချည်းပဲအဓိက မကျပါဘူး အဆင့်အတန်းနဲ့ ရာထူးဌာနန္တရလဲမဟုတ်ပါဘူး။ ဓနဥစ္စာရှိမှမဟုတ်ပါဘူး။
ဘ၀အောင်မြင်မူလို့သတ်မှတ်လို့
နှလုံးသား အတွက် အာဟာရ ဖြစ်ဖို့ စာတစ်ပုဒ် ဝေမျှလိုက်ပါ့မယ်။
ချမ်းသာမှ ဇိမ်နဲ့နေနိုင်တာလား
ဇိမ်ခံရွက်သဘောင်္ နှင့်အပန်းဖြေခရီးထွက်လာသည့် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး တစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင်အပန်းဖြေလမ်းလျှောက်
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံခဲ နေသည်။ သူ့ပုံစံကိုကြည့်ကာ သူဌေးကြီးကစိတ်ပျက်သွားပြီး ကရုဏာဒေါသော နှင့်မေးသည်။ ”ခင်ဗျား ဘာလို့ငါးဖမ်း မထွက်ပဲ ဒီမှာ လှဲ နေတာလဲ ” ။
”မနက်အစောကြီးတည်းကပဲ တစ်နေ့စာ ဖမ်းလို့ ရပြီးပြီဗျ၊” ဟု ဖြေသည်။
” ဟ၊ ဒါဆို နောက်ထပ် မဖမ်းတော့ဘူးလား၊”
”ဘာလုပ်ဖို့လဲ”။
” ထပ် ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင် လှေမှာစက်တပ်လို့ရမယ်၊ စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီး ထွက်နိုင်မယ်၊ အဲဒီမှာ ငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ငါးဖမ်းတော့ ငါးပိုရမယ် ငွေပိုရမယ် လှေတစ်စီးက နှစ်စီးဖြစ် လာမယ်၊ ဒီထက်အမြောက်အမြား ဖြစ်လာနိုင်တယ်၊ အဲဒီခါ ငါ့လိုသူဌေးတစ်ယောက်ဖြစ်လာမှာေ
” အဲဒီခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ”
”အဲဒီခါကျရင် မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့”
”သြ .. ကျွန်တော်ကော အခု ဘာလုပ်နေတယ်ထင်လို့လဲ”
(မူရင်း Anthony DeMello ၏ How Much is Enoughrမှ ဖေမြင့် )
* အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင် ကြိုးစားပါ။
မြင့်မြတ်သောလက်စားချေခြင်းကား ခွင့်လွှတ်ခြင်းပေတည်း။
ခွင့်လွှတ်ခြင်းဟူသည် မေတ္တာ၏ အကြီးမားဆုံး၊အမြင့်မားဆုံးသော အသွင်သဏ္ဍာန်တစ်ရပ်ပဲ ဖြစ်သည်။ ရိုင်း(န)ဟိုးလ် နီးဗူးရ်
0 ယောက်ဝေဖန်ထားပါသည်:
Post a Comment